ကြည်လင်နေတဲ့ငါ့စိတ်ကို ၀မ်းနည်းရိပ်တွေပေးပြီး
သတိရခြင်းနဲ့တံဆိပ်ခပ်လို့ ဝေးရပ်ကမင်းပျော်နေလား...
စကားလုံးတွေကမာယာအဆိပ်လူး ယစ်မူးအောင်လုပ်ခဲ့ပြီးမှ
အရှုံးပေးပြီဆိုတဲ့တစ်နေ့ မုန်းမေ့ဖို့မင်းလုပ်ရက်တယ်...
မပြတ်သားနိုင်တဲ့ငါ့စိတ်က ဟိုးအတိတ်မှာတ၀ဲလည်လည်နဲ့
ဖြစ်နိုင်ရင်ဒီနေ့ ငါမင်းကိုမေ့လိုက်ချင်ပြီ...
No comments:
Post a Comment